မိုးနဲ မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းလျာထားချက်များပြည့်မီရေး၊ ရှေးဟောင်းသမိုင်းဝင် ဆင်တောင်ဘုရား စေတီဘက်စုံပြုပြင်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိရေး၊ ရုံး/ဌာနပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့်မြို့ ဝင်/ထွက်နေရာများ သန့်ရှင်း၍ စိမ်းလန်းသာယာလှပစေရေး အပတ်စဉ်ဆောင်ရွက်ရေး ၊မြေနေရာမရှိသေးသော ဌာနများအနေဖြင့် မြေနေရာရရှိရေး ၊ပွင့်လင်းရာသီမီးဘေးကြိုတင်ကာကွယ်ရေးနှင့် Fire Hotspot ဖြစ်ပေါ်မှု လျော့ချနိုင်ရေး၊မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက ကြိုတင်ပြင်ထားရန်၊ လူဦးရေကိန်းကဏန်းများ မှန်ကန်မှုရှိစေရေး နှင့်ဌာနများအနေဖြင့်မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပေးကြရန်စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းများအလိုက် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)