ကလောမြို့၌ ၂၀၂၆ ခုနှစ် နွေရာသီအ‌ခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

ကလော မတ် ၃၁

ကျောင်းသား/သူများအား နွေရာသီကာလကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ လူငယ်အနာဂတ် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာ‌စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအ‌ခြေခံအားကစားသင်တန်းဆင်းပွဲကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်‌ရောက်ခဲ့ကြသည်။

ရှေးဦးစွာ က‌လောမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးသိန်းက သင်တန်းဆင်းပွဲအမှာစကားပြောကြားခဲ့သည်။ထို့‌နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက သင်တန်းနည်းပြဆရာ၊ ဆရာမနှင့်သင်တန်းသား၊ သင်တန်းသူများအား ဂါရဝဂုဏ်ပြုဆုငွေ၊ သင်တန်းဆင်းလက်မှတ်တို့ကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အခြေခံကစားကွတ်တက်‌မြောက်မှု သရုပ်ပြသတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

နွေရာသီအ‌‌ခြေခံအားကစားနည်းသင်တန်းများဖြစ်သည့် ဘောလုံး၊ ကြက်‌တောင်၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်းနှင့် လက်‌ဝှေ့အားကစားနည်းများကို  မတ်လ ၁၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)