သာစည်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို
Mar 31,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ မြို့နယ်သံဃာ့နာယကဆရာတော်ကြီး များ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို အမှတ်(၃)ရပ်ကွက်ရှိ၊ နှစ်ကျိပ်ရှစ်ဆူ ကျောင်းတိုက်စာဖြေဌာန၌ မတ် ၃၀ ရက် မွန်းတည့် ၁၂ နာရီက ဒုတိယနေ့ကစ္စည်းသဒ္ဒါကြီးဘာသာရပ် ဆက်လက်ဖြေဆိုလျှက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများက အချိုရည်နှင့် လှူဖွယ်ဝတ္ထုများ ကပ်လှူသည်။