သတင်းများ

ကျောက်ဆည်မြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်း ဆောင်ရွက်
Apr 09,2026
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီက မင်းရပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Apr 09,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌  (၅)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများတွင် လစဥ် သတ်မှတ်ရက်အလိုက် နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်လျက်ရှိသည်။
ချမ်းမြသာစည်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Apr 09,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌  (၅)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများတွင် လစဥ် သတ်မှတ်ရက်အလိုက် နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်လျက်ရှိသည်။
ကျွန်းစုမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ
Apr 09,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက စလွန်အော်ကျေးရွာ အ.မ.က(မူလွန်)ကျောင်းခန်းမ၌ ကျင်းပသည်။
ကျွန်းစုမြို့တွင် စွမ်းအင်ချွေတာသည့်အနေဖြင့် မြန်မာ့နှစ်သစ်ကူးပွဲတော်ကို လမ်းလျှောက်သင်္ကြန်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Apr 09,2026
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် စွမ်းအင်ချွေတာသည့်အနေဖြင့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကို ရိုးရာမပျက် စည်ကားစွာကျင်းပနိုင်ရေးအတွက် ဧပြီ ၇ ရက် ညနေပိုင်းက မြို့နယ် ကျွန်းရတနာခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဝရဒါဌာ ဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်)၌ (၇)ကြိမ်မြောက် လုံးတော်ပြည့် ရွှေစစ်သင်္ကန်းဆက်ကပ်လှူဒါန်းမှု အောင်မြင်စွာပြီးမြောက်ခြင်းအတွက် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ
Apr 09,2026
ဝရဒါဌာ ဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်)၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ (၇) ကြိမ်မြောက် လုံးတော်ပြည့်ရွှေစစ်သင်္ကန်းဆက်ကပ်လှူဒါန်းမှု အောင်မြင်စွာပြီးမြောက်ခြင်းအတွက် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ အဆိုပါစေတီတော်တွင်ကျင်းပရာ ဩဝါဒါစရိယ ဆရာတော် သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြော
Apr 09,2026
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
Apr 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက သုံးခွမြို့မဈေးနှင့် အနီးဝန်းကျင်ရှိ ဆေးဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။