မြိတ် ဧပြီ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သဘွတ်ကျေးရွာဓမ္မာရုံတွင် ကျင်းပသည်။
အသိပညာပေးဟောပြောရာတွင် မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေချွေတာရေးကို အသိပညာပေးဆွေးနွေး ပြောကြားပြီး မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ပြောကြားသည်။
ထို့နောက် ဟောပြောပွဲ တက်ရောက်လာသူများအား သစ်တောဦးစီးဌာန ဝန်ထမ်းများမှ မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရွာသူရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)