မလှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မလှိုင်  ဧပြီ   ၁၀

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများစွမ်းရည်မြင့်မားစေရေးနှင့် တာဝန်နှင့်ဝတ္တရားများကိုနားလည်သဘောပေါက်ကြစေရန်အတွက် လစဉ်စာဖတ်ဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဦးစီးဌာနတည်မြဲအမိန့်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ဦးစီးအရာရှိ ဦးဇော်မင်းက ဦးစီးဌာနတည်မြဲအမိန့်စာအုပ်တွင်ပါရှိသည့် ရည်ရွယ်ချက်များ၊ မူဝါဒ(၇)ရပ်နှင့် ဌာနခွဲများအလိုက် အရာထမ်း၊ အမှုထမ်းများ၏ တာဝန်များကိုဖတ်ကြားကာ ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်က ဦးစီးအရာရှိ(ဝန်ထမ်း)၏ လုပ်ငန်းတာဝန်များ၊ ဒုတိယဦးစီးမှူး(ဝန်ထမ်း)၏ လုပ်ငန်းတာဝန်များနှင့် တူညီဝတ်စုံသတ်မှတ်ခြင်းကို လည်းကောင်း၊ နိုင်ငံတော်ပိုင်အိမ်ရာများတွင် နေထိုင်ခွင့်ရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် လူမှုကွန်ယက်စာမျက်နှာ(Social Media Network)အသုံးပြုရာတွင် လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များ စသည့်တို့ကို  စာကြည့်တိုက်လက်ထောက်(၃) ဝန်ထမ်းနှင့် ကျွမ်းကျင်(၃)(ရုပ်သံ)ဝန်ထမ်းတို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မလှိုင်(ပြန်/ဆက်)