ဒလ ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ညနေပိုင်းက ကမာကဆစ်ဈေးရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒလမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦး၊ ကမာကဆစ်စျေးတာဝန်ခံများ၊ စျေးလုံခြုံရေးဝန်ထမ်းများပူးပေါင်း၍ ကမာကဆစ်ဈေးအတွင်းရှိ ကုန်ပစ္စည်းအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးရှိစေရန်အတွက် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိရေးနှင့် မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားလာပါက အမြန်ဆုံးငြှိမ်းသတ်နိုင်ရေး၊ ဈေးအတွင်းရှိ လျှပ်စစ်မီးကြိုးများ၊ ဝိုင်ယာကြိုးများ စနစ်တကျထားရှိစေရေးတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)