သတင်းများ

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း နွားနို့နှင့်ကြက်ဥထုတ်လုပ်မှု ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ကူးစက်ရောဂါများ ကင်းဝေးစေရေးနှင့် တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းဆောင်ရွက်
Apr 11,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်သည် နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်သော မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း နွားနို့နှင့်ကြက်ဥ စားသုံးမှုဖူလုံစေရုံသာမက ထုတ်လုပ်မှုပိုမိုတိုးတက်မြင့်မားလာစေရေး၊ ကူးစက်ရောဂါများ ကင်းဝေးစေရေးနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာရှိ တနိုင်တပိုင် ဒေသကျွဲမွေးမြူရေးတောင်သူများ၏ မွေးမြူရေးအသိပညာမြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် လေဘေးသင့်ပြည်သူများ ထောက်ပံ့ငွေများပေးအပ်
Apr 11,2026
သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်ပြည်သူများအား လတ်တလော စားဝတ်နေရေး သက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေးရန်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက လေဘေးသင့်ပြည်သူများနေအိမ်များသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအလှအကများဖြင့် ဖျော်ဖြေနိုင်ရေး ကြိုတင်ပြင်ဆင်
Apr 11,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦထူးထက်နှင့် အဖွဲ့၀င်များ ဦးဆောင်၍ ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ ရိုးရာသင်္ကြန်အကအလှများဖြင့် ပါ၀င်ဖျော်ဖြေနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်တောင်သူများ ရောင်းအားသွက်၍ ဈေးကောင်းရရှိ
Apr 11,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများ စိုက်ပျိုးရောင်းချသည့် ကြက်သွန်နီများ သင်္ကြန်ကာလအတွင်း ရောင်းအားသွက်၍ ဈေးကောင်းရရှိလျက်ရှိသည်။
တောင်တွင်းကြီးမြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်ကာလ အလှူအတန်းပြုလုပ်ရန် ဈေးရောင်း/ ဈေးဝယ်သူများဖြင့်စည်ကား
Apr 11,2026
မကွေးတိုင်ဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် မြို့မစည်ပင်သာယာဈေးကြီးတွင် ယနေ့နံနက်ပိုင်းက သင်္ကြန်ကာလ အလှူအတန်းပြုလုပ် ရန်ဈေးဝယ်သူများ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Apr 11,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဧပြီ ၁၁ ရက်က မဏ္ဍပ်များ စတင်ဆောင်ရွက်လျက်ရှိပြီး ကြီးကြပ်ရေးကော်မတီ၊ လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီ၊ ဗဟိုမဏ္ဍပ်ကျင်းပရေးကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆို၊ နေရာချထားရေးကော်မတီ၊ အခမ်းအနားကျင်းပရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ မီးဘေးလုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်နေကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲတက်ရောက်
Apr 11,2026
မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်နှင့် အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းနားကို ယမန်နေ့ ညနေက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်သည်။
နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများလိုက်လံကြည့်ရှု
Apr 11,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်ကိုမတ်လ ၃၁ ရက်မှစတင်၍ နောင်ချိုမြို့နယ် စွယ်တော်ရိပ်ကားဝင်းအတွင်း ဆောက်လုပ်လျက်ရှိရာ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ယိမ်းအဖွဲ့များ လေ့ကျင့်ကပြနေမှုများကို ယမန်နေ့နေ့လယ်ပိုင်းက နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။