အင်းစိန် ဧပြီ ၁၁
ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြည်သူ့စစ်မှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ပြည်သူ့စစ်မှုထမ်း (၉၁) ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ပြည်သူ့စစ်မှုထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)