မိုင်းဖြတ်-မိုင်း​ယောင်းသွား ကားလမ်း​ပေါ်ရှိ​ မျက်ကွယ်​ကွေ့ ချဲ့ထွင်ခြင်းလုပ်ငန်းအား ကွင်းဆင်း ကြည့်ရှုစစ်​ဆေး

မိုင်းဖြတ် ဒီဇင်ဘာ ၆

သည်။ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစစ်​ရေး​​ကော်မတီ ဥက္ကဋ္ဌဦးညီညီ​အောင်နှင့် ကော်မတီဝင်များသည် ယမန်​နေ့နံနက်ပိုင်းက မိုင်းဖြတ်-မိုင်းယောင်းလမ်း (၁၃.၅)ကီလိုမီတာနှင့်(၂၅)ကီလိုမီတာကြားအတွင်း မျက်ကွယ်ကွေ့ (၇)နေရာတွင် ကွေ့ချဲ့ခြင်းလုပ်ငန်း ​ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ထို့သို့ စစ်​ဆေးရာတွင် မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းစစ်​ရေး​​ကော်မတီ ဥက္ကဋ္ဌဦးညီညီအောင်နှင့်​ကော်မတီဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဦးဇော်ကိုကို​အောင်နှင့်တာဝန်ရှိသူများသည် လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (၁၂၅.၇၀၀) ကျပ်သန်းဖြင့် ဓနအလင်းတန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မိုင်းဖြတ်-မိုင်းယောင်းလမ်း (၁၃.၅ ကီလိုမီတာ)နှင့်( ၂၅ကီလိုမီတာ) အတွင်း မျက်ကွယ်ကွေ့ (၇)နေရာ၌ ချဲ့ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ရာ ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ကိုကို​အောင်က လုပ်ငန်းအ​ခြေအ​နေများကို လိုက်လံရှင်းလင်းပြသခဲ့သည်။

ဆက်လက်၍ ယာဥ်များအန္တရာယ်ကင်းရှင်းစွာ ​မောင်းနှင်နိုင်​ရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ ​ဆောင်ရွက်ထားသည့် လမ်းအမှတ်အသားများနှင့် အချက်ပြဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများကို ကြည့်ရှုစစ်ဆေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)