မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြစ်သား  ဒီဇင်ဘာ   ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၄)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာအမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကိုAries Fc အသင်းနှင့် Kaung Lite Fcအသင်းတို့စတင် ယှဉ်ပြိုင်ခဲ့ရာ ပင်နယ်တီဖြင့်  Aries Fc အသင်းမှ (၅)ဂိုး၊ Kaung Lite Fcအသင်းမှ (၄ )ဂိုးရရှိပြီး  Aries Fc အသင်းမှ ပထမဆုကိုဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်မှ အားကစားသမားများသည် အနိုင်အရှုံးပဓာနမထားဘဲ စည်းလုံးညီကျွတ်ပျော်ရွှင်စွာ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ အားကစားသမားလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက်ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်အုပ်စုပွဲစဉ်အလိုက် ယှဉ်ပြိုင်ခဲ့သော ဘောလုံးအသင်းများကို ငွေသားဆုများချီးမြှင့်ခြင်း၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆုရရှိသော Kaung Lite Fc အသင်းမှ မောင်ဇော်မျိုးလတ်၊ အလယ်တန်း အကောင်းဆုံးအားကစားသမားဆုရရှိသော River(ll)Fc အသင်းမှ‌ မောင်မိုးဇော်ထွေး၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆုရရှိသော Arie Fcအသင်းမှ မောင်ထက်ဝေစိုး၊ ဂိုးသမား အကောင်းဆုံးအားကစားသမားဆုရရှိသော Aries Fc အသင်းမှ မောင်ဖြိုးထက်ဇော်စသည် ဆုရရှိ အားကစားသမားများကို သက်ဆိုရာဌာနအသီးသီးမှ ဆုချီးမြှင့်ခဲ့ပြီး တတိယဆုရရှိခဲ့သော River(ll) Fcအသင်းအားတစ်ဦးချင်းလည်ဆွဲတံဆိပ်များကို မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးစိုးအောင်နှင့်ငွေသားဆု (၁)သိန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးတို့မှလည်းကောင်း၊ ဒုတိယဆုရရှိသော Kaung Lite Fc အသင်းအား တစ်ဦးချင်းလည်ဆွဲဆု  တံဆိပ်များကို မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကောင်းဇော်ဟိန်းနှင့်ငွေသားဆု (၂)သိန်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ‌ အေးသန်းထိုက်မှလည်းကောင်း၊ ပထမဆုရရှိသော Aries Fc အသင်း အားတစ်ဦးချင်းလည်ဆွဲဆုတံဆိပ်ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်နှင့်ငွေသားဆု (၃)သိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံး ဒုရဲမှူးဇော်မင်းထွေးမှလည်းကောင်း၊ ပထမဆုရရှိသောအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်မှ ဒိုင်းဆုကိုချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူး၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြဆရာများ၊ ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံမိဘပြည်သူများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)