(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးကဗျာပြိုင်ပွဲ ကျင်းပ

ကြို့ပင်ကောက် ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးကဗျာပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗောဓိရုက္ခအလယ်တန်းကျာင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုလတ်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ အမျိုးသားအောင်ပွဲနှင့်အတူ မွေးဖွားခဲ့သော အမျိုးသားကျောင်းများနှင့် အမျိုးသာပညာရေးတို့အကြောင်းအား အသိပညာပေးရှင်းလင်းပြောကြားပြီး "အမျိုးသားအောင်ပွဲနေ့" ခေါင်းစဥ်ဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲတို့ကိုဆက်လက်ကျင်းပခဲ့ရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသားကျောင်းသူ ၁၆ ဦး မူလတန်းအဆင့် ကဗျာပြိုင်ပွဲသို့ ကျောင်းသား ကျောင်းသူ ၁၄ ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဗောဓိရုက္ခအလယ်တန်းကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)