ပုသိမ် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍တည်ထား ကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဦးလှေကား ဆောင်ရွက်နေမှု အခြေအနေများ၊ ကားရပ် နားနေရာဆောင်ရွက်နေမှုအခြေအနေများ၊ ရေကန်သန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ အပေါ်ရင်ပြင် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ၊ ပန်းတင်ခုံဆောင်ရွက် နေမှုများ၊ အောက်ရင်ပြင် နေပူခံကြွေပြားခင်းခြင်း ဆောင်ရွက်နေမှုများ၊ မဟာရံတံတိုင်းဆောင်ရွက်နေမှုများ၊ တံခွန်တိုင်ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုများ၊ အောက်ရင်ပြင် အောက်အနှုတ်(၁၂)level မြေဖို့ခြင်းဆောင်ရွက်နေမှု များ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်းနှင့် မြေနေရာရှင်းလင်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက် ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ အား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောက်ရင်ပြင်တိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်စဥ် စေတီတော်ကြီး၏ အပေါ်ရင်ပြင်မြေထိန်းနံရံကြံ့ခိုင်စေရေးအတွက်ပါ တစ်ပါတည်းပြီးစီးအောင်ဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီရန်၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး လူအင်အားစက်ယန္တရားများဖြင့် အင်အားပြည့် ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် သန့်ရှင်းမှုရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကာ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဟိုင်းကြီးကျွန်းမြို့၊ ဟိုင်းကြီးအဝင်ရေလမ်းကောင်းမွန်ရေး ဆောင်ရွက် လျက်ရှိသည့် သောင်တူးခြင်းနှင့် နှုံးတား ကျောက်စီလှိုင်းကာ တည်ဆောက်ရေး လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တိုင်းဒေသကြီး ဦးစီးမှူးက ဟိုင်းကြီးအဝင်ရေလမ်း ကောင်းမွန်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၄၉၅.၅၀ သန်းဖြင့် နုန်းတားကျောက်စီလှိုင်းကာ (၅၀၀)ပေ ဆောင်ရွက်မှု အခြေအနေနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၂၄.၆၄ သန်းဖြင့် သောင်တူးဖော် ခြင်း ဆောင်ရွက်မှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ လုပ်ငန်းများအား အချိန်မီပြီးစီးရေး၊ သောင်တူးစာများအား စနစ်တကျစွန့်ပစ်ရေးနှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)