ကျွန်းလှ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဆင်းရဲမှု လျော့ချရေး ရန်ပုံငွေဖြင့် လမ်း၊ တံတားများ ဆောင်ရွက်မှုအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် မြို့နယ် အရည်အသွေးစစ်ဆေးရေး ကော်မတီဝင်များက ဘိုကုန်းကျေးရွာ၌ ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၅၀ သန်းဖြင့် (အရှည် ၇၂၀× အကျယ် ၁၈)ပေ ထု ၆ လက်မ ဂျင်းလမ်းခင်းခြင်းကိုလည်းကောင်း၊ ပျဉ်းမမြိုင်ရပ်ကွက်နှင့် တင်းတိန်ရံကျေးရွာ၌ ခွင့်ပြုရန်ပုံငွေကျပ် ၅ ဒသမ ၀၀ သန်းဖြင့် (အရှည် ၂၀× အကျယ် ၇×အမြင့် ၅)ပေ ကွန်ကရစ် တံတားများ တည်ဆောက်နေခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။
အဆိုပါ လမ်း၊ တံတားများ ဆောင်ရွက်ခြင်းဖြင့် ရေစီးရေလာကောင်းမွန်၍ ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေး သွားလာရေးအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ