သတင်းများ

ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး
Dec 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။
မိုင်းခုတ်မြို့၌ ကျွဲနွားများ စနစ်တကျထိန်းသိမ်းမွေးမြူရေးနှင့် မြို့ဖွံဖြိုးတိုးတက်ရေးအတွက် အစည်းအဝေးကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်) ဘုန်းတော်ကြီးကျောင်း၌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမန်နေ့က ကျွဲနွားများ စနစ်တကျထိန်းသိမ်းမွေးမြူရေးနှင့် မြို့ဖွံဖြိုးတိုးတက်ရေးအတွက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့၊ အ.ထ.က ကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့ အ.ထ.က(ခွဲ) အ.လ.က (၁) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 14,2023
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကိုယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်ရှိ အ.ထ.က(ခွဲ)အ.လ.က (၁)ကျောင်း၌ ကျင်းပသည်။
ခိုလမ်မြို့(Community Centre)ခန်းမတွင် ကျောင်းသား/သူများအား နံရံကပ်စာစောင်ပြသ
Dec 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ (Community Centre)ခန်းမတွင် အခြေခံပညာမူလတန်း(ခလရ-၆၆)ကျောင်းနှင့် ပူးပေါင်း၍ ကျောင်းသား/သူများအား နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့​ပါသည်။
မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်း
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်အတွက် စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်းနေပြီဖြစ်သည်။
မင်းလှမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ကို ယမန်နေ့ညနေ (၅)နာရီက ရုံးရပ်မြေက်ပိုင်းရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့တွင် နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် မြေသန့်နှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ ရပ်တော်မူဘုရား အောင်မြေ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။