ခိုလမ်မြို့(Community Centre)ခန်းမတွင် ကျောင်းသား/သူများအား နံရံကပ်စာစောင်ပြသ

ခိုလမ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ (Community Centre)ခန်းမတွင် အခြေခံပညာမူလတန်း(ခလရ-၆၆)ကျောင်းနှင့် ပူးပေါင်း၍ ကျောင်းသား/သူများအား နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့​ပါသည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်မှ ကျောင်းသား/သူများအနေဖြင့် စာပေလေ့လာသင်ကြားရုံတင်မက ဘက်စုံထူးချွန်ထက်မြတ်သော လူငယ်များဖြစ်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး နံရံကပ်စာစောင်ပြပွဲကို ပြသပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား/သူများအား အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့သည်။

ထို့နောက် ကျောင်းသား/သူများမှ ကလေးစာဖတ်ခန်းတွင် ပန်းချီဆွဲခြင်း၊ အရုပ်ဆက်ကစားခြင်းနှင့် ပုံပြင်စာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)