မိုင်းခုတ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်) ဘုန်းတော်ကြီးကျောင်း၌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမန်နေ့က ကျွဲနွားများ စနစ်တကျထိန်းသိမ်းမွေးမြူရေးနှင့် မြို့ဖွံဖြိုးတိုးတက်ရေးအတွက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့ဖွံဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်တိုင်းနှင့်သက်ဆိုင်ကြောင်း၊ မကြာမီအချိန်ကာလတွင် လျှပ်စစ်မီးများလည်းရတော့မည်ဖြစ်ကြောင်း၊ ကျွဲနွားတိရိစ္ဆာန်များအား စည်းကမ်းတကျထိန်းသိမ်းမွေးမြူကြရန်၊ လွှတ်မထားကြရန်၊ တွေ့ရှိပါကဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် မြို့သန့်ရှင်းသာယာလှပစေရေး ကိစ္စရပ်များစသည့် အကြောင်းအရာများနှင့်ပတ်သက်၍ တက်ရောက်လာကြသော ရပ်ကွက်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုများက အသီးသီးဆွေးနွေးတင်ပြကြကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)