သတင်းများ

ရေနံချောင်းမြို့ အ.ထ.က(ခွဲ)ဝက်ချုပ်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရေနံချောင်းမြို့ အ.ထ.က(ခွဲ)ဝက်ချုပ်ကျောင်း၌ ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ ဘုရားနီရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက တစ်အိမ်တက် ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
မိုင်းခုတ်မြို့ မြို့ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုအတွက် ထောက်ပံ့ကြေးများ ပေးအပ်
Dec 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မြို့ပြည်သူ့ဆေးရုံတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ စီမံချက်အရာရှိ ဦးကျော်ဇင်လတ် ဦးဆောင်သောအဖွဲ့မှ ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်မှုအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးရှေ့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
မိုးမိတ်မြို့တွင် ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ‌ဗိုလ်လုပွဲကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ရှမ်းနှစ်သစ်ကူးနေ့အထိမ်အမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မြိူ့မပြည်သူအားကစားကွင်း၌ စတင်ယှဉ်ပြိုင်ကစား ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာ(ထက်၊ လယ်/ မူ) အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာ(ထက်၊ လယ်/ မူ)အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာ (အ.ထ.က-ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီက ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာ (အ.ထ.က-ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်၊  ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့်  အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ ၁၂ ရက်နေ့၊   မွန်းလွဲ ၁ နာရီက ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။