ခိုလမ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။
အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းကျောင်းမှ မူ-လယ်-ထက် စာစီစာကုံးပြိုင်ပွဲတွင် (၃၅) ဦး၊ ကဗျာပြိုင်ပွဲတွင် (၃၈) ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၃၇) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၁၀) ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း (ပြန်/ဆက်)