အောင်လံ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက အောင်လံမြို့ စမ်းချောင်းရပ်ကွက် အောင်လံ-ပြည်ကားလမ်းမပေါ် အ.ထ.က(၁) ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်းသူများသည် ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်းရန်၊ ရှေးမီးဖွင့်မောင်းရန်၊ ယာဉ်မောင်းလိုင်စင်ပါရှိရန်တို့ကိုလည်းကောင်း၊ မော်တော်ယာဉ်မောင်းသူများသည် ထိုင်ခုံခါးပတ်ပတ်ရန်၊ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းအသုံးပြုပြောဆိုခြင်း ရှိ/မရှိ စသည်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ လုံခြုံရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့တို့သည်၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)