ဆိပ်ဖြူမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ဆိပ်ဖြူ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးမှဦးဆောင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများကကြီးကြပ်၍ မျိုးဆက်သစ်ကျောင်းသား/ ကျောင်းသူ လူငယ်မောင်မယ်လေးများ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်နှင့် နိုင်ငံ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုအမွေတို့ကို တန်ဖိုထားတတ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရှိရပြီး (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို အခြေခံပညာကျောင်းများမှ အထက်တန်းဆင့်ကျောင်းသား/ကျောင်းသူများ၊ စာစီစာကုံးပြိုင်ပွဲကို မူလတန်း ၊အလယ်တန်း ၊အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူများ လာရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ပြောကြားသိရှိရသည်။

ကိုဇွဲ(အညာမြေ)