အမ်း ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို အမှတ် (၁) အ.ထ.က ပညာရတနာခန်းမတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်သဘာဝဘေး အန္တရာယ်ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျှင်ဘေး၊ မြေပြိုဘေး၊ စူနာမီဘေး၊ မိုးခေါင်ရေရှားဘေးများ၏ ကြို တင်ပြင်ဆင်ရေး နည်းလမ်းများ၊ မိုးလေဝသသတိပေးအချက် အလက်များကိုနားထောင်၍ လိုအပ်လျှင် လိုက်နာဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်နှင့်ကြုံးတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးချအသုံးပြုကြရန် အမှာစကားပြောကြားခဲ့ သည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းဌေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းတို့က ကျောင်းသားကျောင်းသူ လူငယ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးနှင့်ပတ်သက်သည့် ပေါ့ဆမှု၊ ပေါင်းစပ်မှု၊ လုံလောက်သည့်အပူချိန်နှင့်လောင်စာ ဆီများရှိမှသာလျှင် မီးလောင်မှုဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအသိပေးကြော် ငြာခြင်းများ၊ ဟောင်းနွမ်း သည့် ဝါရာကြိုးများမှတဆင့် မီးလောင်မှုဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက အချိန်မှီတိကျခိုင်မာသည့် သတင်းအချက်အလက်ကို အသိပေးအကြောင်းကြားနိုင်ကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မီးငြှိမ်းသတ်မှုအသိ ပညာပေးအကြောင်းအရာများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး အသိပညာပေးအကြောင်းအရာများ၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ စူနာမီဘေး၊ ငလျှင်ဘေးနှင့်ပါတ်သက်သည့် ဆောင်ရန်ရှောင်ရန် အသိပညာပေးအကြောင်းအရာများ၊ သဘာဝဘေးအန္တရာ ယ်နှင့်ကြုံးတွေ့ လာပါက စည်းစည်းလုံးလုံး စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် (၉)ဘေးရှိကြောင်း၊ မုန်တိုင်းဘေးအသိ ပညာပေးအကြောင်း အရာများ၊ မုန်တိုင်းနှင့်ပတ်သက်ပြီးအရောင် (၅)ရောင်ရှိကြောင်း၊ မိုးတွင်းကာလ တွင် သတိထားနေထိုင်ကြရန် လိုပါကြောင်း၊ မိုးလေဝသ သတိ ပေးအချက် အလက်များကို နားထောင်ကြပြီး မိသားစုဝင်များနှင့် အနီးအနားရှိပြည်သူများအား အသိပေးကြရန်၊ မုန်တိုင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ကြရန်၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံးခြုံသည့်နေရာသို့ပြောင်းရွှေ့ နေထိုင်ကြရန်၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ စူနာမီဘေး၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန် အသိပညာပေးအကြောင်း အရာများတို့ကိုဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူအား သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်အား ကျောင်းသား၊ကျောင်းသူက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)