မိုင်းယောင်းမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြော

မိုင်းယောင်း ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာလျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မိုင်းလွေကျေးရွာ၊ အောင်မြင်ကျေးရွာနှင့် ဝမ်ဘန်းကျေးရွာတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်း  ဦးဆောင်သောအဖွဲ့က မိုင်းလွေကျေးရွာတွင်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း ဦးဆောင်သော ဒေသအတွင်းမီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့က အောင်မြင်ကျေးရွာတွင်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး ဦးဆောင်သည့်အဖွဲ့က ဝမ်ဘန်းကျေးရွာ၌လည်းကောင်း ဒေသတွင်း တောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ ဖုံးလွှမ်းသည့်ကိစ္စရပ်များမဖြစ်ပေါ်စေရေး၊ ငါးရှော့တိုက်ခြင်းများ မပြုလုပ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးတားလမ်းကိုလည်း အကျယ် ၁၆ ပေခန့် ပြုလုပ်ထားရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခဲ့ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)