စစ်ကိုင်းမြို့တွင် သဘာဝဘေးအန္တရာယ်နှင့် တုံ့ပြန်ဆောင်ရွက်‌ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၁၅

စစ်ကိုင်းခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဟောပြာပွဲကို ယနေ့နံနက် (၈)နာရီ (၃၀)မိနစ်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်က မီးသတ်ဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများရဲ့ အသက်အိုးအိမ်ပစ္စည်းများ၊ ကုန်ထုတ်အရင်း အနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်တဲ့အခါမှာ အလျင်အမြန် တုံ့ပြန်ဆောင်ရွက် နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျောချရေး အစီအစဉ်မှာ ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ရပါက လိုက်နာပြုမူ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အသိပညာဗဟုသုများ၊ ခေတ်မှီမီးငြိမ်းသတ်ရေး ယာဉ်/စက်များ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကို ကိုယ်တိုင်သိရှိနားလည်ပြီး ကျောင်းသား/သူများ ပါဝင်ကစားရမည့် ကစားနည်း (၁၀)မျိုးကို ကိုယ်တိုင်ကစားပေးရမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက လက်တွေ့ကိုယ်တိုင် ပါဝင်ကစားခဲ့ကြရာ ပါဝင်ကစားပေနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်