ကျိုက်မရောမြို့ မြို့မစျေးကြီး၌ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ် ပြသ

ကျိုက်မရော  ဒီဇင်ဘာ  ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးကြီးနှင့် ရန်မျိုးအောင်စျေး မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လျင်မြန်တုံပြန်ဆောင်ရွက်နိုင်ရန် ရည်ရွည်၍  မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယနေ့  နံနက် ၁၀ နာရီက မြို့မစျေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာ ရှိဦးတင်သောင်းဦးက မီးသတ်ဆေးဘူး အသုံးပြုပုံကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးကို အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို  ဖုံးအုပ်ငြိမ်းသတ်နည်း၊ ဂတ်စ်မီးလောင်မှုကို ငြိမ်းသတ်နည်းနှင့် စျေးရုံကြီး မီးဘေးလုံခြုံရေးအတွက် ရေစိုသရုပ်ပြလေ့ကျင့်ခြင်းတို့ကို လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း  မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မိချို (ပြန်/ဆက်)