သတင်းများ

မိုင်းပန်မြို့နယ်၌ ဒီဇင်ဘာအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 16,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒီဇင်ဘာအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 16,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အဆင့် (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၃/ ၂၀၂၃)ဆင်းပွဲ ကျင်းပ
Dec 16,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာ(၃/၂၀၂၃)သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်တွင် စာသင်ကျောင်းအခြေပြု မျက်စိအမြင်အာရုံ အခမဲ့စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး
Dec 16,2023
မွန်ပြည်နယ်တွင် ကျောင်းသား/သူများ ကျောင်းနေပျော်၍ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မျက်စိအမြင်အာရုံစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း လျာထားချက်၏ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်တွင် ဆောင်းရာသီ၌ ဆီထွက်သီးနှံ ၁၁၁၅ ဧက စိုက်ပျိုးမည်
Dec 16,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသနှင့်ကိုက်ညီသော ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း ၁၁၁၅ ဧက စိုက် ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးလုပ်ငန်း‌ ဆောင်ရွက်
Dec 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်း၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (တတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲများကျင်းပ
Dec 16,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့ နံနက် ၆ နာရီမှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် သက်ဆိုင်ရာစုရပ်များတွင် ကျင်းပလျက်ရှိသည်။
မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁)ရပ်ကွက်တွင်  ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး စားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Dec 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်းအစီစဉ်ဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို မြစ်သားမြို့နယ် ကူမဲမြို့ တောက်ပရစ်ဇာတ်ရုံဝန်းတွင်၌ ယမန်နေ့ နံနက်(၇)နာရီမှ  စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။