ဘိုကလေး ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်း၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါအလယ်တန်းကျောင်းမှ ကျောင်းသား/သူများအား မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ရေး၊ ရေဘေး၊ လေဘေးစသော သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေး ကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များအကြောင်း၊ သဘာဝဘေးဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ရှောင်ရှားရမည့်အချက်များအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စိမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသ်ိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)