မိုင်းပန် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒီဇင်ဘာအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်းဝါသနာရှင်များက အသင်း (၁၀) သင်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် စတင်ယှဉ်ပြိုင်ခဲ့ကြရာ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)