စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၃/ ၂၀၂၃)ဆင်းပွဲ ကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာ(၃/၂၀၂၃)သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက “သင်တန်းသား/ သင်တန်းသူများအနေဖြင့် အခြေခံကွန်ပျူတာပညာရပ်တွေ ရရှိကြလိမ့်မည်ဟု ယူဆကြောင်း၊ အခမဲ့ဖွင့်လှစ်ပေးတာဖြစ်တဲ့အတွက် သင်တန်းပြီးဆုံးအောင် တက်ရောက်ပေးကြတဲ့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ဌာန လုပ်ငန်းခွင်ဝင်ရောက်ကြတဲ့အခါမှာလည်း ဆက်လက်လေ့လာသွားကြပါ။ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကွန်ပျူတာပညာရပ်ပါမှသာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများကို ကွန်ပျူတာပညာရပ်တွေ အခြေခံသိရှိရအောင် ဖွင့်လှစ်ခဲ့တာဆိုလျှင် ယခုဆိုလျှင် အမှတ်စဉ်(၃) သင်တန်းဆင်းခဲ့ပြီဖြစ်ကြောင်း ဆက်လက်၍လည်း ဖွင့်လှစ်ဆောင်ရွက်သွားဖို့ရှိကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသစ်ရောက်ရှိလာသည့် သုတ/ရသ စာအုပ်များကို ပြသပေးရာ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြ၍ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြောကြားကာ စာအုပ်များ ငှားရမ်းဖတ်ရှုကြမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်