စစ်ကိုင်းတက္ကသိုလ်တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၂၀

စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြေပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက ကျောင်းသား/ ကျောင်းသူများအား စိတ်ပိုင်းဆိုင်ရာအရည်အသွေး၊ ကိုယ်ပိုင်းဆိုင်ရာအရည်အသွေးများဖွံ့ဖြိုးအောင် အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်း၊ အားကစားမျိုးစုံပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ အားကစားကို လေ့လာလိုက်စားခြင်းဖြင့် တစ်ကိုယ်ရည်ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်မှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့၏ မျှော်မှန်းချက်/ ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတက္ကသိုလ်သမိုင်းဌာန၊ ပါမောက္ခ ဒေါက်တာအမ်ရွယ်နှောင်းက “လွတ်လပ်ရေးအောင်ပန်းတို့ဆင်မြန်း” ခေါင်းစဉ်ဖြင့် လွတ်လပ်ရေး၏ အနှစ်သာရများကို အသေးစိတ်ဟော ပြောဆွေးနွေးပေးခဲ့ရာ စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ်က အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်