ထားဝယ် ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ ဆန်းချီဝန်ထမ်းအိမ်ရာ၊ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် တောင်ကုန်း တောင်တန်းထူထပ်၍ အပူချိန်မြင့်မားပြီး ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သဖြင့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ဆူနာမီဘေး၊ မုန်တိုင်း ဒီရေများ ရိုက်ခတ်မှုကြုံတွေ့နိုင်သော ဒေသတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်စုံထောင့်စုံ၊ ကဏ္ဍစုံကနေပြီး ခေတ်မီ နည်းစနစ်များအသုံးပြု၍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများကို အဟန့်အတား မဖြစ်စေရေးအတွက် သဘာဝ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို တားဆီး၍မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းအောင်၊ ဘေးဒဏ် ကို ရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်းဖြစ်အောင် ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲ လုပ်ငန်း ဆောင်ရွက်ရာမှာ တစ်ဦးတစ်ယောက်ချင်းဆောင်ရွက်၍ မရသည့်အတွက် အတူတကွ လက်တွဲ ဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ ယခု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းမှ ပို့ချပေးလိုက်သော သင်ခန်းစာမျာ မိမိတို့၏ဌာနကို ပြန်လည်ရောက်ရှိသည့်အခါတွင် အသုံးချနိုင်မှာဖြစ်သောကြောင့် အလေးထားသင်ယူရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်မဖြစ်ပွားခင်၊ ဖြစ်ပွားနေဆဲ၊ ဖြစ်ပွားပြီးနောက် အခြေအနေများတွင် ထိရောက်လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသော သင်တန်းသား/သင်တန်းသူများ ဖြစ်စေရန်အတွက် သင်တန်းက ပို့ချပေးလိုက်သော သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် သင်ယူလေ့လာပြီး ပြည်သူများအကြား ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် တာဝန်သိစိတ်ကိုယ်စီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းသင်တန်းသား (၅၀)ဦးအား ဒီဇင်ဘာ ၂၂ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)