မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း (အခမဲ့) ဆင်းပွဲကျင်းပ

မန္တလေး ဒီဇင်ဘာ ၂၀

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီး‌ရေးရာအဖွဲ့တို့ ပူး‌ပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း၏ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အခမ်းအနားမှူးသင်တန်းတွင် တက်ရောက်ကြသည့် သင်တန်းသူ၊ သင်တန်းသားများအား လက်တွေ့ဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ပြိုင်ပွဲကျင်းပ‌ပေးပြီး အကောင်းဆုံးတင်ဆက်နိုင်သူများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင် အပ်နှင်းပါသည်။

အဆိုပါ သင်တန်းတွင်  အခမ်းအနားမှူး၏ ဝတ်စားဆင်ယဉ်မှု၊ ကိုယ်နေဟန်ထား၊ လေယူလေသိမ်း အစရှိသည့်အချက်များ၊ အခမ်းအနားမှူးကောင်းတစ်ယောက် ဆောင်ရွက်ရာတွင် ဆောင်ရန်/ရှောင်ရန်များ၊ သိမှတ်ဖွယ်ရာများနှင့်ပတ်သက်၍  စာတွေ့၊လက်တွေ့သင်ကြားပို့ချခဲ့ပြီး  သင်တန်းသား/ သင်တန်းသူ(၂၆)ဦး တက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)