ကြို့ပင်ကောက် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် မိုးစပါး (၈၆၈၂၅) ဧက စိုက်ပျိုးနိုင်ရေးလျာထား ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ဆင်းသုခ စပါး ၃၇၉ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် ရတနာတိုးစပါး (၂၅၉၈၉) ဧက၊ ဆင်းသုခစပါး (၄၃၇၂၀) ဧက၊ ရေအနဲလို-၇ စပါး (၅၂၀) ဧက၊ YSR-1 စပါး ၃၁၀ ဧကနှင့် ထိုင်းနှံကောက်စပါး (၁၅၇၀၆) ဧက စုစုပေါင်း (၈၆၈၂၅) ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း ကြဲခင်းစနစ်ပပျောက်ပြီး အထွက်နှုန်းတိုးစေမည့် စိုက်ပျိုးနည်းစနစ်များကိုလည်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေး ထံမှသိရသည်။
လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်စေရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇေယျတု (ပြန် ဆက်)