မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စီစဉ်ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းအမှတ် (၂) သင်တန်းဆင်းပွဲကို မေလ ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် ဒုတိယဥက္ကဋ္ဌ(၂) ဦးခင်မောင်ကျော်ဒင်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို အပတ်စဉ် သောကြာနေ့တိုင်း ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်၊ ၁၆ ရက်၊ ၂၃ ရက်နှင့် ၃၀ ရက်နေ့များတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆရာ ဦးကိုကိုဦး (MDEA, Executive Director) က Social Media Facts and Figure ၊ ဆရာဦးမောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)က News Translation၊ ဆရာဦးရဲမင်းစိုး(မောင်မောက်ဝတ်လုံ)က မီဒီယာသမားမျက်နှာမူရမည့်ဥပဒေများနှင့် ဆရာဦးမြတ်စိုး(လှိုင်)က သတင်းရေးသားနည်းနှင့် စာနယ်ဇင်းကျင့်ဝတ်တို့ကို အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)