လှိုင်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ‌ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

လှိုင် ဇွန်  ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်ကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ မိုးရာသီကာလအတွင်းဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် အစားအစာများ သန့်ရှင်းမှု၊ ကိုင်တွယ်ပြင်ဆင်သော လက်သန့်ရှင်းမှု၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများထားရှိရန်၊ သန့်ရှင်းသော ရေကောင်းရေသန့်သုံးစွဲရန်၊ ယင်ကောင်များ ကင်းဝေးစေရန်၊ အစားအစာများကို ဖုံးအုပ်ထားရန်နှင့် အစားပြင်ဆင်ချိန်နှင့် အိမ်သာအဆင်း လက်ဆေးခြင်းများ စသဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် အသိပညာပေးပိုစတာများကပ်ခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရပ်ကွက်များ၊ ဈေးများ၊ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် Hand စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်း၊ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)