ဇီးကုန်းမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

ဇီးကုန်း ဇွန် ၁

ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကန်ညီကိုကျေးရွာ၌ ယနေ့ နံနက် ၈ နာရီက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊  ဒေသခံပြည်သူများက သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း (၁၈၀)၊ မဟော်ဂနီ (၂၀)၊ မန်ဂျန်ရှား (၁၀၀)ပင်၊ ပျိုးပင်စုစုပေါင်း (၃၀၀)ပင်ကို စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)