ဟင်္သာတ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုရေးဝန်ကြီးဦးခင်မောင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီးဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး မြစ်ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှစစ်ဆေးရာသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းတာဝန်ခံများမှ ဖောင်ဆိပ်ကျေးရွာ၌ ဆောင်ရွက်ထားရှိသည့် ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်း Geotextile ကမ်းထိန်းတမံ တည်ဆောက်ထားရှိမှု၊ ကျေးရွာများ ရေတိုက်စားကမ်းပြိုမှုကာကွယ်ရေး သောင်တူးလုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် မြစ်ကမ်းပါး အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှု့စစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်ဆက်)