သုံးခွ ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က မွေးကင်းစမှ(၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်သက်ထားမြင့်နှင့် ဆရာမများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအားပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(pcv)ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချကာကွယ် ဆေး၊ တီဘီရောဂါ၊ဆုံဆို့နာရောဂါ၊ကြက်ညှာချောင်းဆိုးရောဂါ၊မေးခိုင်ရောဂါ၊အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ဦးနှောက်အမြှေးရောင်၊အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန် ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းကို မြို့ပေါ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ် (၁) ရက်နေ့မှ (၂)ရက်နေ့ အထိထိုးနှံပေးလျက်ရှိပြီး ကျန်ရက်များတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
စည်သူလင်း