သတင်းများ

ဘိုကလေးမြို့နယ်တွင် လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချမှု ရှိ/မရှိစစ်ဆေး
Jun 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များ၌ လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချနေခြင်း ရှိ/မရှိအား  တာဝန်ရှိသူများပူးပေါင်းကာ ဇွန်လ (၁) ရက်နေ့ ညနေ (၃) နာရီအချိန်က ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြသည်။
နာဒေသ လဟယ်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ၀င်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
Jun 03,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ၀င်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
နာဂဒေသ လဟယ်မြို့တွင် (Grade-12) ကျောင်းသားသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer)ထိုးနှံပေး
Jun 03,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂ‌ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (Grade-12) ကျောင်းသားသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ထိုးနှံ ခြင်းကို ယမန်နေ့နံနညနေပိုင်း (၁၄) နာရီအချိန်တွင် လဟယ်မြို့အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 03,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ ဇွန်လ ၂ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှုအားပေး
Jun 02,2025
မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ (၃၅၂၃၂၂) ဦး အပ်နှံပြီးစီးခဲ့ပြီး ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ တက်ရောက်၍ ပညာသင်ကြားလျက်ရှိသည်။
မော်လမြိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ
Jun 02,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်မှ စတင်ကာ မြို့နယ်အသီးသီး၌ ဖွင့်လှစ်လျက်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ
Jun 02,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ဇွန် ၂ ရက်၌ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသက်ဆိုင်ရာ ကျောင်းအသီးသီး၌ စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွား
Jun 02,2025
ကချင်ပြည်နယ်၏ အထက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ ယနေ့နံနက်ပိုင်းက တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ (၁၂၀၅) စင်တီမီတာထိ မြင့်တတ်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရှိရသည်။