သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်စည်ပင်သာယာရေးကော်မတီ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး
Jun 02,2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံးကြီး ခုတင် (၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယောတီးခတ်မှုမွမ်းမံ သင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
Jun 02,2025
မကွေးတိုင်းဒေသကြီး ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယောတီးခတ်မှု မွမ်းမံသင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်ဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်း အုပ်ကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြော
Jun 02,2025
ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲကို ဇွန်လ ၁၁ ရက်နေ့က အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 01,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jun 01,2025
ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ဘောလုံးကွင်း၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။
ပခုက္ကူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ဈေးဆိုင်ခန်းများပေါ် သစ်ပင်လဲကျမှုအား ခုတ်ထွင်ရှင်းလင်း
Jun 01,2025
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်တွင် မေလ ၃၁ ရက် နေ့လယ် ၁၂နာရီ၊မိနစ်၂၀အချိန်က မိုးရွာသွန်းမှုကြောင့် ပခုက္ကူမြို့၊အမှတ်(၁)ရပ်ကွက်၊သံဖြူတန်းလမ်းနံဘေးရှိ ဈေးဆိုင်ခန်းများပေါ် သစ်ပင်လဲကျမှုအား ယမန်နေ့မွန်းလွဲပိုင်းက ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကြသည်။
တရားမဝင်အကောက်ခွန်မဲ့ ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်းဆိုင်များ Showroom များတွင် တရားမဝင်အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာများမှ ကျောင်းအပ်နှံနေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ ကျောင်းအပ်နှံရေး ဟောပြောစည်းရုံးဆောင်ရွက်
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများမှ သဘော့ကန်ကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာ အ.ထ.က(သဘော့ကန်)တွင် ကျောင်းအပ်နှံနေမှုများ၊ ကျောင်းဖွင့်လှစ်သင်ကြားရန် ကြိုတင်စီစဉ်ထားမှုများအား လိုက်လံကြည့်ရှုကာ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ ကျောင်းအပ်နှံနိုင်ရေး ဟောပြောစည်းရုံးဆောင်ရွက်ခဲ့ကြသည်။