သတင်းများ

အုတ်ဖိုမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 30,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီ ၃၀ မိနစ်အချိန်က အ.ထ.က(အုတ်ဖို)ကျောင်းဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်နှင့် ဆရာဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသားငျောင်းသူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်စံပြကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ
May 30,2025
ကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်စံပြကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ‌ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းဆောင်ရွက်
May 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက  ဒေသခံကျေးလက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်အတွက် မေ ၃၀ ရက် ၊ နံနက်ပိုင်းက  လျှပ်စစ်ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 30,2025
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကို မေလ(၃၀)ရက်၊ နံနက်(၈)နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (ပန်းစုံ)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာန မြို့မ (ယာယီ) ပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၄၀၀၀၀) ပျိုးထောင်ထားရှိ
May 30,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် မြို့မ(ယာယီ)ပျိုးဥယျဉ်၌ ပျိုးပင်‌ပေါင်း (၄၀၀၀၀)ကို ပျိုးထောင်ထားကြောင်း သိရသည်။
မြို့သစ်မြို့၊ မြို့မစျေးကြီး၌ အသားဆိုင်များသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်စစ်ဆေး
May 30,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ဝက်၊ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိလိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် လူ‌နေအိမ်ပေါ် သစ်ပင်လဲကျနေမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီခုတ်ထွင်ရှင်းလင်း
May 30,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ လူနေအိမ်ပေါ်တွင် သစ်ပင်လဲကျမှု ပိမိနေကြောင်း သိရ၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ကူညီခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။