လားရှိုး မေ ၅
၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အရှေ့ခါးရိုးပရိယတ္တိစာသင်ကျောင်း၌ ကျင်းပသည်။
ထိုသို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာတွင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းခိုင် ဦးဆောင်၍ သန္ဓေ၊ အရန်၊ သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ ခရိုင်နှင့် မြို့နယ်မိသားစုဝင် ၁၅ ဦး၊ စုစုပေါင်း ၄၀ ဦးတို့က ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)