သတင်းများ

ကျောင်းကုန်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်
May 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အစိုးရသစ်၏ရက် (၁၀၀) စီမံချက်အနေဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမှတ် (၄) ရပ်ကွက်၌ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ဖောင်းပြင်မြို့နယ်တွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကွင်းဆင်း၍ ဒေသခံများနှင့်တွေ့ဆုံ
May 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က ပင်သာကျေးရွာအုပ်စု၊ ပင်သာကျေးရွာ၊ အမှတ် (၁၇) အခြေခံပညာမူလတန်းကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြားလိုအပ်ချက်များကို ဆွေးနွေးခဲ့‌ကြောင်းသိရသည်။
ကျောက်တန်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဥ်ဖြင့် Football For School Program အရ ဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဥ်ဖြင့် Football For School Program အရ ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းမြို့ အနောက်ပိုင်းရပ်ကွက် ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
May 06,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးအပေါ်ထပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူခရိုင် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 06,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲအခမ်းအနားကို မေ ၄ ရက် မွန်းလွဲ ၁ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်
May 05,2026
ယနေ့ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတို့ကို ယနေ့ နံနက် (၈)နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမနှင့် ဇွဲကပင်အားကစားရုံတို့၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique Indentity ကတ်များ ကွင်းဆင်းဆောင်ရွက်
May 05,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique ID နံပါတ်မရှိသူများ ထုတ်ပေးခြင်းကို နောကောကျေးရွာအုပ်စု၌ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်
May 05,2026
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့ဝင်များ တက်ရောက်သည်။