သတင်းများ

သရက်မြို့၌ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 02,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ်ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ ညနေ (၄) နာရီက ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ် ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်ထွက်ပေါက်ဂိတ် အဆောက်အဦသစ် ဖွင့်ပွဲတက်ရောက်
Jun 02,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၂) ရက် နံနက်ပိုင်းက ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ကမ်းနားလမ်းရှိ  အပြည်ပြည်ဆိုင်ရာ  နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ် အဆောက်အဦသစ် ဖွင့်ပွဲ တက်ရောက်ကြသည်
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Jun 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက  ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး
Jun 02,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ကြံခင်းမြို့နယ်၌ ၂၀၂၅-၂၀၆ ပညာသင်နှစ်၊ အခြေခံပညာ ၁၂၂ ကျောင်းတွင် ရာနှုန်းပြည့် ကျောင်းအပ်နှံပြီးစီးရေး တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိ
Jun 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ ၁၂၂ ကျောင်းတွင် ရာနှုန်းပြည့် ကျောင်းအပ်နှံပြီးစီးရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်ဦးဆောင်၍ တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေအလိုက်ပူးပေါင်း၍ ကွင်းဆင်းစည်းရုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဂန့်ဂေါမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 02,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က မြို့မရပ်ကွက်ရှိ အ-ထ-က (မြို့မ)ကျောင်းရှေ့နှင့် ဂန့်ဂေါ-အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူးတံတားထိပ်များသို့ သွားရောက်၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
မင်းဘူးမြို့၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် မိုးဦးကာလနှင့် မိုးရာသီကာလများတွင် သဘာဝဘေးဒဏ်များကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ကြောင်း သိရသည်။