သတင်းများ

မြဝတီမြို့ ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ နွား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 05,2026
ကရင်ပြည်နယ်၊မြဝတီခရိုင်၊ မြဝတီမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်များကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးသင်တန်းနှင့်ဟောပြောပွဲများဆောင်ရွက်ခြင်း၊ အများပြည်သူစားသုံးရန်အတွက်ရောင်းချသည့်အသားဆိုင်များအား စစ်ဆေးခြင်း၊ တိရစ္ဆာန်အစားများအတွက် ကောက်ရိုး၊ မြက်တို့အားပြုပြင်မှု သရုပ်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာယနေ့နံနက် ၉နာရီတွင် အမှတ် (၆)ရပ်ကွက်၌ ကျွဲ၊နွားကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်သည်။
မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ
May 05,2026
‎မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်နှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်
May 05,2026
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲကို မေ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပသည်။
မနူဟာဘုရားကြီး စိန်ဖူးတော်၊ ထီးတော်နှင့်ငှက် မြတ်နားတော်တင်လှူပူဇော်ပွဲနှင့်ရွှေပြည်အောင်ပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း 
May 05,2026
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေ၊ သထုံပြည့်ရှင် မနူဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မနုဟာဘုရားကြီး၊စိန်ဖူးတော်၊ ထီးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့်ရွှေပြည်အောင်ပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၅ ရက် နံနက် ၁၀ နာရီက မနုဟာဘုရားဂေါပက ရုံးခန်းတွင်ကျင်းပသည်။
မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရှိ နန်းအိမ်သူစာကြည့်တိုက်သို့ သုတ/ရသစာအုပ်စာစောင်များ လှူဒါန်း
May 05,2026
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နန်းအိမ်သူ စာကြည့်တိုက်သို့ သုတ/ရသစာအုပ်စာစောင်များ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက တမ္ပဝတီရပ်ကွက်ရှိ နန်းအိမ်သူစာကြည့်တိုက်တွင် ဆောင်ရွက်သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ
May 05,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ နှစ် (၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို၊ မေ ၅ ရက် နံနက် ၉ နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး အပေါ်ထပ်တွင် ကျင်းပသည်။
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ခြင်း၊ ဘုရား၊ပုထိုး၊စေတီများများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 05,2026
၂၀၂၆ခုနှစ်၊ မေလ ၅ ရက် (ယနေ့)ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနက ဝါဆိုကျောင်းတိုက်မှ ဆရာတော်သံဃာတော် သုံးပါးတို့အား နေ့ဆွမ်း၊ ဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်ပြီး ပရိတ်တရားတော်များနာယူခြင်းကို မေ ၅ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
May 05,2026
မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့်လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။