သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖွင့်ပွဲအခမ်းအနားနှင့် စာဖြေဆိုပွဲကျင်းပ
Jun 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်သံဃနာယကရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်က အစိုးရဓမ္မာစရိယစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား
Jun 02,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပူတာအိုမြို့နယ် မူလာဒီကျေးရွာ၌ ဆင်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသောပြည်သူမိသားစုဝင် များနှင့်လူနေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်မိသားစုများအား ထောက်ပံ့ငွေ များနှင့်အိမ်ဆောက်ပစ္စည်းဖိုးများပံ့ပိုးပေးအပ်
Jun 02,2025
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနက ဆင်မုန်ယို၍ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူမိသားစုဝင်များနှင့်လူနေအိမ်တစ် စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်မိသားစုများအား ထောက်ပံ့ငွေများနှင့်အိမ်ဆောက်ပစ္စည်းဖိုးပံ့ပိုး ပေးအပ်ခြင်းကို ဇွန် (၁) ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာဒီကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပံ့ပိုးပေးအပ်သည်။
ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နေပြည်သူများအား ကြက်ဥတစ်လုံး (၃၆၅) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Jun 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ‌ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံ‌မွေးမြူ‌ရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း၍ ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက် အမိုးကြီးဈေး၊ အမှတ်(၁၁)ရပ်ကွက်သံဒင်းဈေးတို့တွင် ရောင်းချပေးခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 02,2025
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ (၂)ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများအား ကြက်ဥ ၁ လုံးလျှင် ၃၆၅ ကျပ်နှုန်းဖြင့် ရောင်းချပေး
Jun 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊‌ ပုဇွန်တောင်မြို့နယ်ရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရေးအတွက် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ယနေ့နံနက် ၇ နာရီအချိန်က စတင်ရောင်းချပေးခဲ့သည်။
ကျွန်းလှမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့နံနက်က စတင်ပြီးဖွင့်လှစ်ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ
Jun 02,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့ဇွန်လ (၂) ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။