တိုက်ကြီး ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် ဓာတ်မြေဩဇာအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဩဂုတ် ၈ ရက်နေ့နံနက် ၉ နာရီက အဖျောက်မြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့၌ ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေးနှင့် အဖွဲ့သည် ဓာတ်မြေဩဇာအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်း၊ ရည်ညွှန်းဈေးနှုန်းများထက် ပိုမိုရောင်းချမှုမပြုလုပ်ရေး၊ ဈေးကစား၍ ရောင်းချမှုမရှိစေရေး၊ ဓာတ်မြေဩဇာများကို တောင်သူများအားမရောင်းချပဲ ဂိုဒေါင်များတွင် သိုလှောင်ထားမှုမရှိစေရေး အသိပညာပေးပြောကြားပြီး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)