သတင်းများ

မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းသားတောင်သူများသို့ အထွက်တိုးမျိုးစပါးများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 28,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မြို့နယ်သမဝါယမအသင်းစုရုံး၌ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ အထွက်တိုးမျိုးစပါးများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 28,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက  အ.ထ.က(ချောင်းဆုံ) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
ဝေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ-ထ-က(ဝေါ)ကျောင်း သီရိဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပခဲ့သည်။
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင်၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်‌ချေးပေးခြင်းကို မေလ ၂၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပန်းတနော်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၅-၂၀၂၆  ပညာသင်နှစ်၊  ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁)၊  မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မှော်ဘီမြို့နယ်၌အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ ပြုလုပ်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 28,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ် ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများအား ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက် ပိုင်းက မှော်ဘီမြို့နယ်ကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဘားအံမြို့ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးရေး တတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်း
May 28,2025
ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်အဆောက်အဦ တည်ဆောက်ပြီးစီးရေးအတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါဗိမ္မာန်တော်ကြီး၏ မြေညီထပ်၌ ကျင်းပသည်။