သတင်းများ

ကျုံပျော်မြို့နယ်၌ "မဟာသဒ္ဓမ္မ ဇောတိကဓဇ" သုံးထပ်ကျောင်းတော်ကြီးဖွင့်ပွဲ ကျင်းပ
May 09,2026
ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်ခရိုင်  ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် ညောင်ပင်သာ (၃) လမ်းရှိ သုဇနကာရီပရိယတ္တိစာသင်တိုက်အတွင်း ဆောက်လုပ်လှူဒါန်းထားသည့် “မဟာသဒ္ဓမ္မဇောတိကဓဇ သုံးထပ်ကျောင်းတော်ကြီး" ဖွင့်ပွဲအခမ်းအနားကို မေ ၉ ရက် နံနက်က ပြုလုပ်သည်။
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ဇေယျာသီရိမြို့နယ်အတွင်း လေပြင်း ဘေးသင့်နေရာများအား ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ ကူညီဆောင်ရွက်
May 09,2026
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်အတွင်း မေ ၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်၍ လူနေအိမ်များ အမိုးလန်ခြင်း၊ နေအိမ်အကာအရံများ ပျက်စီးခြင်းနှင့်နေအိမ်ပြိုကျပျက်စီးခဲ့သည့် နေရာများအားလိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။
နမ့်စန်မြို့နယ်တွင် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်လှစ်
May 09,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး
May 09,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ဒိုက်ကံကျေးရွာနှင့် လှိုင်ကျေးရွာတို့တွင် ကွင်းဆင်းထုတ်ချေးပေးသည်။
မြစ်သားမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းသီးနှံ ၂၉၂၀၈ ဧကစိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်း
May 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့်ဆီ ထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စ ရန် ၂၀၂၅-၂၀၂၆ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းသီးနှံ ၂၉၂၀၈ ဧကစိုက်ပျိုးထားပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိ‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။‌
မော်လမြိုင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခကောက်ခံရငွေ အပြည့်အဝရရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု(Losses) ရာခိုင်နှုန်းလျော့နည်းစေရေးအတွက် ရှောင်တခင်ကွင်းဆင်း စစ်ဆေး
May 09,2026
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခ ကောက်ခံရငွေ အပြည့်အဝရရှိစေရေးနှင့်ဓာတ်အားပျောက်ဆုံးမှု (Losses) ရာခိုင်နှုန်းလျော့နည်းစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
May 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မိလဝီဟန် ရက် (၁၀၀) အတွင်း ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များအား ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
May 09,2026
မွန်ပြည်နယ် ‌သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး မိလဝီဟန်သည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာန၏ မြို့မပျိုးဥယျာဉ် (၁)နှင့် (၂)၌ ပျိုးထောင်ထားရှိသော ရက် (၁၀၀) အတွင်း ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။