သတင်းများ

ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ရင်းဆေးပညာဖြင့် ကျန်းမာ‌ရေး‌စောင့်ရှောက်မှုကွင်းဆင်းဆောင်ရွက်
May 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုကို မေ ၉ ရက်  မွန်းလွဲ၂နာရီက မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းဓမ္မာရုံ၌ ဆောင်ရွက်သည်။
လောင်းလုံးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့် UID ကတ်ပြားများဆောင်ရွက်
May 09,2026
‎တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ မေ ၈ ရက် ညနေ ၃နာခွဲက အိမ်ထောင်စုလူဦးရေစာရင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို ထားဝယ်မြို့နယ်(တွဲ)လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဗိုလ်တထောင်ခရိုင်၌ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်
May 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်၌ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက်၉နာရီခွဲက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ် ငပြောင် မြောင်းရေဖြင့် တိုက်နယ်(၈)မှ ကျေးရွာအုပ်စု(၄)အုပ်စုတွင် မိုးကြိုပဲတီစိမ်း (၂၃၇) ဧကစိုက်ပျိုး
May 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ပဲမျိုးစုံဖူလုံပိုလျှံရေး ပဲသီးနှံမျိုးစုံ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ငပြောင်မြောင်းရေဖြင့် တိုက်နယ်(၈)မှ ကျေးရွာအုပ်စု(၄) အုပ်စု၌ မိုးကြိုပဲတီစိမ်း ၂၇၃ ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။
ပုလောမြို့နယ်၌ သီးနှံရောနှောစိုက်ပျိုးထုတ်လုပ်ခြင်းနည်း ပညာပေး သင်တန်းဖွင့်လှစ်
May 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြှင့်မားရေးအတွက် သီးနှံရောနှောစိုက်ပျိုး ထုတ်လုပ်ခြင်းနည်း ပညာပေးသင်တန်းကို မေ ၇ ရက် နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကျောက်ဆည်မြို့နယ်ရှိ စီးပွားဖြစ် နွားမွေးတောင်သူများနှင့် တွေ့ဆုံ
May 08,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ စီးပွားဖြစ် နွားမွေးမြူတောင်သူ (၅၁) ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်။
မဟာအောင်မြေမြို့နယ် အုတ်ကျင်းဓမ္မာရုံ၌ ပြည်သူများအားတီဘီရောဂါရှာဖွေဖော်ထုတ်ကုသ
May 08,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အုတ်ကျင်းဓမ္မာရုံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)နှင့် မဟာအောင်မြေပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသပေးခြင်း၊(အခမဲ့)ဆေးကုသပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့ ဘောလုံးကွင်း အဆင့်မြင့်တင် ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကြည့်ရှုစစ်ဆေး 
May 08,2026
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ(၈)ရက် နံနက်(၁၁)နာရီက  မြိတ်မြို့မြို့မအားကစားကွင်းကို  မြေနေရာတိုးချဲ့၍ ဘောလုံးကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။