သတင်းများ

မိတ္တီလာမြို့နယ် ပျော်ကုန်းကျေးရွာနှင့်ညောင်ပင်သာကျေးရွာတို့တွင် VDP စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
May 27,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပျော်ကုန်းကျေးရွာနှင့်ညောင်ပင်သာကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
May 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စုရပ်ကာ အုပ်စု (၅) စုခွဲ၍ ရပ်ကွက်ရှိ နေအိမ်များ၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၆၇၇၀၉) ပျိုးထောင်ထားရှိ
May 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်‌ရန် ၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၆၇၇၀၉) ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁၂)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူလေးများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
May 27,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade-12 ကျောင်းသား/သူများအား ကျန်းမာရေးကောင်းမွန်စွာရာနှုန်းပြည့်ပြန်လည်ဖြေဆိုနိုင်ရေးအတွက် ခန္တီးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး) ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သန်လျင်မြို့၌ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် Mobile Library Bus ဖြင့်စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး
May 27,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က ရေနံရပ်ကွက်၊ ပဲခူးစုရပ်ကွက်များသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံ (၅၀၀) ကျော်ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးပျိုးပင်ပေါင်း ၂၈၀၀၀ ကျော် ပျိုးထောင်ထားရှိ
May 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်‌ ပေါင်း ၂၈၀၀၀‌ ကျော်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဦးထံမှ သိရသည်။
မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများ ပေးအပ်
May 27,2025
 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။