သတင်းများ

မချမ်းဘောမြို့နယ် ရက်(၁၀၀)စီမံချက်ဖြင့် စည်ပင်သာယာစျေးပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံပတ်ဝန်းကျင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 09,2026
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် ခြင်၊ ယင်အန္တရာယ်များကင်းရှင်းစေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်၇နာရီက စည်ပင်သာယာစျေးပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံပတ်ဝန်းကျင်တို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။
လားရှိုးမြို့ အ.ထ.က (၂) ကျောင်း၌ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်း
May 09,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်  ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ယဉ်ကျေးသိမ်မွေ့လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၈ ရက်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 09,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၆)ကို ယမန်နေ့ ရက်နေ့ ညနေ ၃ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖယ်ခုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့
May 09,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ယမန်နေ့ နံနက် ၁၁နာရှိခွဲက ဖယ်ခုံမြို့ မြို့နယ်ခန်းမ တွင် နေရပ်ပြန် ပြည်သူများအား ဆန်၊ဆီ၊ဆားစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အိမ်မဲမြို့နယ်တွင် တောင်သူများနှင့်ဝန်ထမ်းများအား စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲပြုလုပ်
May 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်တောင်သူများနှင့် ဝန်ထမ်းများအား စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
မင်းဘူးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေး
May 09,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များ ပြုလုပ်ပေးခြင်းကို မေ ၈ ရက်က လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ One Stop Service ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ နိုင်ငံ့သားကောင်း တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအား ကြိုဆို
May 09,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က နိုင်ငံ့သားကောင်း တာဝန်ကျေပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌တွေ့ဆုံကာ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသည်။
ကော့မှူးတွင်ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 09,2026
အားကစား‌ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Piolot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့်ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ်တွင် မြို့သစ်ရပ်ကွက် အောင်ဇမ္ဗျုအားကစားကွင်း၌ ကျင်းပသည်။